တတိယအကြိမ်နှင့် စတုတ္ထအကြိမ်မြောက် အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနား

အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)တွင် တတိယအကြိမ်မြောက်နှင့် စတုတ္ထအကြိမ်မြောက် အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားအား ၇-၁-၂၀၂၃ နှင့် ၈-၁-၂၀၂၃ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အောင်နိုင်ရေးအလံပေးအပ်ဲအခမ်းအနား

၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဌာနပေါင်းစုံအားကစားပြိုင်ပွဲတွင် အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)မှ ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည့် အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်သည့် အခမ်းအနားကို ၃၀-၁၂-၂၀၂၂ ရက်‌နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခြေခံကွန်ပျူတာသင်တန်း ဖွင့်ပွဲ အခမ်းအနား

အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)တွင် အခြေခံ ကွန်ပျူတာသင်တန်းကို ၂၈-၁၂-၂၀၂၂ ‌နေ့မှစပြီး သင်တန်းသား(၂၀)ဦးအား ကျွမ်းကျင်မှုအခြေပြုကာလတိုသင်တန်း ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။

မိုးရာသီမေဂျာပေါင်းစုံအားကစားပြိုင်ပွဲ

အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး) တွင် ပညာသင်ကြားနေသော ကျောင်းသား/သူများအား စာပေတွင်သာမက ကျန်းမာကြံ့ခိုင်မှုများပါ ရရှိလာစေရန် ရည်ရွယ်၍ မိုးရာသီမေဂျာပေါင်းစုံအားကစားပြိုင်ပွဲကို ၁၀-၈-၂၀၂၂ မှ ၁၉-၈-၂၀၂၂ထိ ကျင်းပပေးပြီး ထူးချွန်ဆုများကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

Website Administration မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနား

Website Administration Training မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၁.၂.၂၀၂၂ တွင် online ဖြင့် ကျင်းပခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဉာဏ်ဝင်းသန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းသည် ရက်သတ္တပတ်ငါးပတ်ခန့် ကြာမြင့်မည်ဖြစ်ပြီး အစိုးရနည်းပညာ အထက်တန်းကျောင်း(မကွေး)မှ website administrator အဖြစ်တာဝန်ယူဆောင်ရွက်မည့် ဆရာမနှစ်ဦးသည် သင်တန်းသူများအဖြစ်တက်ရောက်ခဲ့ပါသည်။

အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းသင်တန်း အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနား

အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)တွင် အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းသင်တန်း အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ၁၈.၂.၂၀၂၂ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ကာလတိုသင်တန်းသည် ၇.၂.၂၀၂၂ မှ ၁၈.၂.၂၀၂၂ ထိ ကြာမြင့်ခဲ့ပါသည်။

ဆုပေးပွဲအခမ်းအနား

အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး) တွင် ထူးချွန်ကျောင်းသား/ သူများအား နှစ်စဉ် ဆုချီးမြှင့်ပွဲ အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမနှစ်မှ ထူးချွန်ကျောင်းသားများ၊ ဒုတိယနှစ်မှ ထူးချွန်ကျောင်းသားများ နှင့် World youth Skills Day 2019 တွင် ဝင်ရောက်ယှဉ် ပြိုင်ပြီး အောင်မြင်မှုရရှိခဲ့သော ကျောင်းသားများဆုချီးမြှင့်ပွဲ ကို...

အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်း

အစိုးရနည်းပညာအထက်တန်းကျောင်း မကွေး ၌ ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၃၀ရက်နေ့တွင် မကွေးတိုင်းဒေသအတွင်းရှိ စက်မှုလုပ်ငန်းများ စက်ရုံအလုပ်ရုံ များမှ တာဝန် ရှိသူများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ဆရာ /ဆရာမ များသည် ကျောင်းသား /ကျောင်းသူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး နှင့် ပတ်သတ်၍ ဆွေးနွေး...

ဒီဇင်ဘာလအားကစားပွဲများ

အစိုးရနည်းပညာအထက်တန်းကျောင်းတွင်၂၀၁၉ခုနှစ်ဒီဇင်ဘာလတွင် အားကစား ကျင်းပခဲ့ပါသည်။ကျောင်းသား/ကျောင်းသူများသည် ထိုအားကစားပွဲများတွင် ပျော်ရွှင်စွာပါ၀င်ဆင်နွဲခဲ့ပါသည်။ထိုအားကစားပြိုင်ပွဲများမှာဘောလုံးပြိုင်ပွဲ၊ဘော်လီဘောပြိုင်ပွဲ၊ မီတာ၁၀၀၊မီတာ၂၀၀ အပြေးပြိုင်ပွဲတို့ဖြစ်ပါသည်။ [Best_Wordpress_Gallery id="16" gal_title="Football"]

အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနား

အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)တွင် အောင်မြင်ပြီးကျောင်းသားကျောင်းသူ များအား အောင်လက်မှတ်ပေးအပ်ပွဲများကို ၂၀၁၈ခုနစ် မှ စတင်၍ ‌ကျင်းပပြုလုပ်ခဲ့ပါသည်။ အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)၏ ပထမအကြိမ်မြောက် အောင်လက်မှတ်ပေးအပ်ပွဲကို ၂၀၁၈ခုနစ် ဒီဇင်ဘာလ ၂ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)၏ ဒုတိယအကြိမ်မြောက် အောင်လက်မှတ်ပေးအပ်ပွဲကို ၂၀၁၉ခုနစ် ဒီဇင်ဘာလ ၂၂ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ ဒုတိယအကြိမ် အောင်လက်မှတ်ပေးအပ်မှ ဓာတ်ပုံများ