Website Administration မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနား
Website Administration Training မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၁.၂.၂၀၂၂ တွင် online ဖြင့် ကျင်းပခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဉာဏ်ဝင်းသန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းသည် ရက်သတ္တပတ်ငါးပတ်ခန့် ကြာမြင့်မည်ဖြစ်ပြီး အစိုးရနည်းပညာ အထက်တန်းကျောင်း(မကွေး)မှ website administrator အဖြစ်တာဝန်ယူဆောင်ရွက်မည့် ဆရာမနှစ်ဦးသည် သင်တန်းသူများအဖြစ်တက်ရောက်ခဲ့ပါသည်။