နောက်ခံသမိုင်းကြောင်းများ

Views: 281

အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး) ကို၂၀၀၉ ခုနှစ်၊ မေလ၊(၅)ရက်နေ့တွင်  စတင် ဖွင့်လှစ်ခဲ့ပါသည်။

အစိုးရနည်းပညာအထက်ကျောင်းမကွေးတွင်မေဂျာကြီး၆ခုဖြင့်သင်ကြားပေးလျှက်ရှိပါသည်။သင်ကြားပေးလျှက်ရှိသောမေဂျာများမှာ အဆောက်အဦနည်းပညာဌာန၊အီလက်ထရောနစ်နည်းပညာဌာန၊လျှပ်စစ်နည်းပညာဌာန၊ မော်တော်ယာဥ်ပြုပြင်ထိန်းသိမ်းခြင်းနည်းပညာဌာန၊သုတနည်းပညာဌာန၊စက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်ခြင်းနည်းပညာဌာန တို့ဖြစ်ပါသည်။ ထို့အပြင် ကာလတိုသင်တန်းများကိုလည်း အစိုးရ နှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။

ကျောင်း၏တည်နေရာ

အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)သည် မကွေးတိုင်းဒေသကြီး၊ ကန်ပြား ကျေးရွာအနီး နည်းပညာတက္ကသိုလ်(မကွေး)နှင့်ကပ်လျက် မကွေး-ရေနံချောင်း ကားလမ်းမဘေး တွင် တည်ရှိပြီး အကျယ်အဝန်းအားဖြင့် (၁၁.၂၃)ဧကခန့်ရှိပါသည်။

ကျောင်းမှပံ့ပိုးပေးသော ဝန်ဆောင်မှုများ

ကျောင်းမှ ကျောင်းစည်းကမ်းလိုက်နာပြီး ​ကျောင်းတက်မှန်သော ကျောင်းသား၊ကျောင်းသူများ အားလစဉ် ပညာသင်ထောက်ပံ့ကြေး ၃၀၀၀၀ ကျပ်ထောက်ပံ့ပေးလျှက်ရှိပါသည်။

ကျောင်းပြီးဆုံးပါက အနာဂတ်အခွင့်အလမ်းများ

အစိုးရနည်းပညာအထက်တန်းကျောင်း အောင်မြင်ပြီးဆုံးသည့်အခါ ထူးချွန်ကျောင်းသားများ သည်အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများသို့ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ပါသည်။ ရိုးရိုးအောင်ကျောင်းသား/သူများအနေဖြင့် စက်ရုံအလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း၊ ကျွမ်းကျင်မှုဖြင့်ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ခြင်း၊အစိုးရဌာနများတွင်ဝင်ရောက်အမှုထမ်းခြင်း စသည့်မိမိတို့ တတ်မြောက်ထားသည့် အတတ်ပညာများဖြင့် ဝင်ရောက်လုပ်ကိုင် နိုင်ပါသည်။ ပြည်တွင်းပြည်ပ ကုမ္ပဏီများမှလည်း အလုပ်အကိုင်လာရောက်ချိတ်ဆက် ဆောင်ရွက်နေပါ သည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်