အစိုးရနည်းပညာအထက်တန်းကျောင်း မကွေး ၌ ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၃၀ရက်နေ့တွင် မကွေးတိုင်းဒေသအတွင်းရှိ စက်မှုလုပ်ငန်းများ စက်ရုံအလုပ်ရုံ များမှ တာဝန် ရှိသူများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ဆရာ /ဆရာမ များသည် ကျောင်းသား /ကျောင်းသူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး နှင့် ပတ်သတ်၍ ဆွေးနွေး မှုများ ပြုလုပ်ခဲ့ကြပါသည်။
