အဆောက်အဦးနည်းပညာဘာသာရပ်၏အဓိကရည်ရွယ်ချက်
အဆောက်အဦးနည်းပညာဘာသာရပ်၏ အဓိကရည်ရွယ်ချက်မှာ လမ်း(Road)၊ တံတား (Bridge)၊ အဆောက်အဦ (Structure)၊ စက်ရုံ(Indestry)၊ အလုပ်ရုံ(Workshop)စသည်တို့ကို ခေတ်မှီနည်းပညာများဖြင့် တိကျမှန်ကန်မြန်ဆန်စွာ ဖော်ဆောင်ပြီး နိုင်ငံတော်ခေတ်မှီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ဖို့ ဖြစ်ပါသည်။ အဆောက်အဦနည်းပညာ တိုးတက်ကောင်းမွန်ရေး၊ နိုင်ငံတကာနည်းပညာနှင့်ရင်ဘောင်တန်းနိုင်ရေးတို့အတွက် စာတွေ့၊ လက်တွေ့ ကျွမ်းကျင်ပိုင်နိုင်မှု အထူးရှိရမှာဖြစ်ပါသည်။ဒါကြောင့် စာတွေ့အနေနဲ့ အခေါ်အဝေါ် အတွက်အချက်နှင့် လက်တွေ့အနေနဲ့ Surverying(တိုင်းတာခြင်း)၊ Drawing(ပုံဆွဲခြင်း)တို့အပြင် Carpentry (လက်သမားပညာ)နှင့် Masonry(ပန်းရံပညာ)စသည်တို့ကိုပါ အဆောက်အဦနည်းပညာ ဘာသာရပ်မှာ သင်ကြားပေးမှာဖြစ်ပါသည်။
GTHS (BT) Diploma အောင်လက်မှတ်ရရှိဖို့အတွက် (၂)နှစ်ပညာသင်ကြားရမည်ဖြစ်ပြီး စာသင်နှစ် တစ်နှစ်ကို စာမေးပွဲကြီး(၂)ကြိမ် ဖြေဆိုရမည်ဖြစ်ပါသည်။ အဆောက်အဦနည်းပညာ ဘာသာရပ်၏ စာသင်ကြားမှုစနစ်မှာ လက်တွေ့(၆၀%) နှင့် စာတွေ့ (၄၀%) ဖြစ်ပါသည်။ စာသင်နှစ်တစ်နှစ်အပြီးတွင် ပထမနှစ် ကျောင်းသား/သူများမှာ လက်တွေ့ကွင်းဆင်းလေ့လာမှု များကို (၁)လ ပြုလုပ်ရမည်ဖြစ်ပြီး ဒုတိယနှစ် ကျောင်းသား/သူများမှာ လုပ်ငန်းခွင်သွားရောက် လေ့လာမှုများကို (၂)လပြုလုပ်ရမည်ဖြစ်ပါသည်။
အဆောက်အဦနည်းပညာဌာနမှ ဆရာ / ဆရာမ များ
စဥ် | အမည် | ဘွဲ့ | ရာထူး |
---|---|---|---|
၁ | ဒေါ်ခင်နုဆွေ | M.E (Civil) | ကထိက |
၂ | ဒေါ်ယွန်းပြည့်မိုး | B.E(Civil).Q | နည်းပြ |
၃ | ဒေါ်ချစ်မျက်ခြယ်ဖြိုး | A.G.T.I (Civil), B.Sc(Bot) | စက်မှုကျွမ်းကျင် (၂) |
အဆောက်အဦးနည်းပညာဌာန၏ ကျောင်းသား/ဆရာ အချိုး
ဌာန | ကျောင်းသား/သူ အရေအတွက် | ဆရာ/မ အရေအတွက် | အချိုး |
အဆောက်အဦး နည်းပညာ | ၃၂ | ၃ | ၁၁း၁ |
စာသင်နှစ်အလိုက်သင်ကြားရမည့် ဘာသာရပ်များ
No. | First Year Subjects | Second Year Subjects |
1 | Myanmar | English |
2 | English | Mathematics |
3 | Mathematics | Drawing |
4 | Physics | Surveying |
5 | Chemistry | Building Material Construction |
6 | Drawing | Workshop |
7 | Surveying | |
8 | Building Material Construction | |
9 | Workshop |