အီလက်ထရောနစ်နည်းပညာဘာသာရပ်၏ အဓိကရည်ရွယ်ချက်
အီလက်ထရောနစ်နည်းပညာဘာသာရပ်၏ အဓိကရည်ရွယ်ချက်ကတော့ Electronic Devices အကြောင်းတွေ၏ အလုပ်လုပ်ပုံနှင့် Electronic Component တစ်ခုချင်း၏ အသုံးဝင်ပုံကို နားလည်တတ်ကျွမ်းအောင် ဆောင်ရွက်ပေးနိုင်ဖို့ဖြစ်ပါသည်။ယနေ့ခေတ်မှာ အိမ်သုံး Electronic Devicesများကို တွင်ကျယ်စွာ အသုံးပြုလာကြသည်ဖြစ်ပါသဖြင့် ၎င်းပစ္စည်းများ၏ circuit တည်ဆောက်ပုံ၊ Component တစ်ခုချင်း၏ အသုံးဝင်ပုံ၊အလုပ်လုပ်ပုံ၊ ကောင်းမကောင်း စမ်းသပ်ပုံတွေကို Electronic နည်းပညာ၏ အခြေခံအုတ်မြစ်တစ်ခုအနေဖြင့် အဓိကထား၍ သင်ကြားပေးမည်ဖြစ်ပါသည်။
GTHS(EcT) Diploma အောင်လက်မှတ်ရရှိဖို့အတွက် (၂)နှစ် ပညာသင်ကြားရမည်ဖြစ်ပြီး စာသင်နှစ်တစ်နှစ်ကို စာမေးပွဲကြီး(၂)ကြိမ် ဖြေဆိုရမည်ဖြစ်ပါသည်။ အီလက်ထရောနစ်နည်းပညာ ဘာသာရပ်၏ စာသင်ကြားမှုစနစ်မှာ လက်တွေ့(၆၀%)နှင့် စာတွေ့ (၄၀%)ဖြစ်ပါသည်။ စာသင်နှစ် တစ်နှစ်အပြီးတွင် ပထမနှစ် ကျောင်းသား/သူများမှာ လက်တွေ့ကွင်းဆင်းလေ့လာမှုများကို (၁)လ ပြုလုပ်ရမည်ဖြစ်ပြီး ဒုတိယနှစ်ကျောင်းသား/သူများမှာ လုပ်ငန်းခွင်သွားရောက်လေ့လာမှုများကို (၂)လပြုလုပ်ရမည်ဖြစ်ပါသည်။
အီလက်ထရောနစ်နည်းပညာဌာနမှ ဆရာမများ
စဥ် | အမည် | ဘွဲ့ | ရာထူး |
---|---|---|---|
၁ | ဒေါ်အိဆွေအောင် | B.E (EC),Q | ကထိက |
၂ | ဒေါ်ဖူးပွင့်ဝေ | B.E (EC),Q | နည်းပြ |
၃ | ဒေါ်နွယ်ရတီ | A.G.T.I (EC) | စက်မှုကျွမ်းကျင် (၄) |
၄ | ဒေါ်ချမ်းမြေ့ရွှေဇင် | A.G.T.I (EC) | စက်မှုကျွမ်းကျင် (၄) |
၅ | ဒေါ်ခင်မြဆင့် | A.G.T.I (EC) | စက်မှုကျွမ်းကျင် (၄) |
၆ | ဦးမင်းသက်ခိုင် | G.T.H.S (EC) | စက်မှုကျွမ်းကျင် (၅) |
အီလက်စရောနစ်နည်းပညာဌာန၏ ကျောင်းသား/ဆရာ အချိုး
ဌာန | ကျောင်းသား/သူ အရေအတွက် | ဆရာ/မ အရေအတွက် | အချိုး |
အီလက်ထရောနစ် နည်းပညာ | ၁၈ | ၆ | ၃း၁ |
စာသင်နှစ်အလိုက် သင်ကြားရမည့် ဘာသာရပ်များ
No. | First Year Subjects | Second Year Subjects |
1 | Myanmar | English |
2 | English | Mathematics |
3 | Mathematics | Applied Electronics ( Analog & Digital) |
4 | Physics | Radio Communication |
5 | Chemistry | |
6 | Drawing | |
7 | Basic Electronic | |
8 | Basic Electricity Components and Circuits |