သုတနည်းပညာဌာန

သုတနည်းပညာဘာသာရပ်၏အဓိကရည်ရွယ်ချက်ကတော့ သတင်းအချက်အလက် (information) တွေကို မြန်မြန်ဆန်ဆန်တိတိကျကျ ရရှိအောင် ဆောင်ရွက်ပေးနိုင်ဖို့ ဖြစ်ပါသည်။ ယနေ့ခေတ်မှာ Input Data တွေကို မြန်မြန်ဆန်ဆန်တိတိကျကျ Process လုပ်ပြီး သတင်းအချက်အလက်  (Information) အဖြစ် ပြုလုပ်ပေးနိုင်တဲ့ ပစ္စည်းကတော့ Computer ပဲဖြစ်ပါတယ်။ ဒါကြောင့် Computer တစ်လုံး၏အလုပ် လုပ်ဆောင်ပုံနှင့် Computer ကိုသုံးပြီး ICT နည်းပညာအကြောင်းတွေကို သုတနည်းပညာဘာသာရပ်မှာ သင်ကြားပေးမှာဖြစ်ပါတယ်။

GTHS (IT) အောင်လက်မှတ် ရရှိဖို့အတွက် ၃နှစ်ပညာသင်ကြားရမည်ဖြစ်ပြီး စာသင်နှစ် တစ်နှစ်ကို စာမေးပွဲကြီး နှစ်ကြိမ်ဖြေဆိုရမည်ဖြစ်ပါသည်။ သုတနည်းပညာဘာသာရပ်၏ စာသင်ကြားမှုစနစ်မှာ လက်တွေ့ (၆၀%) နှင့် စာတွေ့ (၄၀%) ဖြစ်ပါသည်။ စာသင်နှစ်တစ်နှစ် အပြီးတွင် ပထမနှစ် ကျောင်းသား/သူများမှာ လက်တွေ့ ကွင်းဆင်းလေ့လာမှု များကို (၁)လ ပြုလုပ် ရ မည်ဖြစ်ပြီး၊ ဒုတိယနှစ်ကျောင်းသား/သူများမှာ (On Job Training) လုပ်ငန်းခွင် သွားရောက် လေ့လာမှုများကို (၂)လ ပြုလုပ်ရမည်ဖြစ်ပါသည်။

ပထမနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ

  1. မြန်မာစာ
  2. အင်္ဂလိပ်စာ
  3. သင်္ချာ
  4. ရူပဗေဒ
  5. ဓာတုဗေဒ
  6. GTE 101-အခြေခံနည်းပညာပုံဆွဲ
  7. GTE 102-အခြေခံနည်းပညာ
  8. GTE 103-အခြေခံကွန်ပျူတာသိပ္ပံ

 

ဒုတိယနှစ်တွင်သင်ကြားပေးလျှက်ရှိသောဘာသာရပ်များ-

  1. မြန်မာစာ
  2. အင်္ဂလိပ်စာ
  3. သင်္ချာ
  4. ရူပဗေဒ
  5. ဓာတုဗေဒ
  6. IT 201-Computer Software Application
  7. IT 202- Introduction to Programming
  8. IT 203-Digital Fundamentals I

တတိယနှစ်တွင်သင်ကြားပေးလျက်ရှိသောဘာသာရပ်များ-

  1. မြန်မာစာ
  2. အင်္ဂလိပ်စာ
  3. သင်္ချာ
  4. ရူပဗေဒ
  5. ဓာတုဗေဒ
  6. IT 301-Computer Networking
  7. IT 302- Web Design
  8. IT303-Digital Fundamentals II

သုတနည်းပညာဌာနမှ ဆရာ/ဆရာမများ

ဦးကျော်စိုးနိုင်
B.E (IT)
တွဲဖက်ပါမောက္ခ
ဒေါ်လဲ့လဲ့ဝင်းဇော်
B.C.S (Hons)
လက်ထောက်ကထိက
ဒေါ်ငြိမ်းမြင့်သူ
A.G.T.I (IT)
စက်မှုကျွမ်းကျင်(၄)
ဒေါ်စောယုသွယ်
A.G.T.I(IT)
စက်မှုကျွမ်းကျင်(၄)
ဒေါ်ချောသက်စုခိုင်
A.G.T.I (IT)
စက်မှုကျွမ်းကျင်(၄)
ဒေါ်ဆုသက်မွန်
A.G.T.I(IT)
စက်မှုကျွမ်းကျင်(၄)

ကျောင်းသူ/ကျောင်းသားများ၏ လက်တွေ့လုပ်ဆောင်နေမှုမှတ်တမ်းဓာတ်ပုံများ