အဆောက်အဦနည်းပညာဌာန
အဆောက်အဦးနည်းပညာဘာသာရပ်၏ အဓိကရည်ရွယ်ချက်မှာ လမ်း(Road)၊ တံတား (Bridge)၊ အဆောက်အဦ (Structure)၊ စက်ရုံ(Indestry)၊ အလုပ်ရုံ(Workshop)စသည်တို့ကို ခေတ်မှီနည်းပညာများဖြင့် တိကျမှန်ကန်မြန်ဆန်စွာ ဖော်ဆောင်ပြီး နိုင်ငံတော်ခေတ်မှီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ဖို့ ဖြစ်ပါသည်။ အဆောက်အဦနည်းပညာ တိုးတက်ကောင်းမွန်ရေး၊ နိုင်ငံတကာနည်းပညာနှင့်ရင်ဘောင်တန်းနိုင်ရေးတို့အတွက် စာတွေ့၊ လက်တွေ့ ကျွမ်းကျင်ပိုင်နိုင်မှု အထူးရှိရမှာဖြစ်ပါသည်။ဒါကြောင့် စာတွေ့အနေနဲ့ အခေါ်အဝေါ် အတွက်အချက်နှင့် လက်တွေ့အနေနဲ့ Surverying(တိုင်းတာခြင်း)၊ Drawing(ပုံဆွဲခြင်း)တို့အပြင် Carpentry (လက်သမားပညာ)နှင့် Masonry(ပန်းရံပညာ)စသည်တို့ကိုပါ အဆောက်အဦနည်းပညာ ဘာသာရပ်မှာ သင်ကြားပေးမှာဖြစ်ပါသည်။
GTHS (BT) Diploma အောင်လက်မှတ်ရရှိဖို့အတွက် (၃)နှစ်ပညာသင်ကြားရမည်ဖြစ်ပြီး စာသင်နှစ် တစ်နှစ်ကို စာမေးပွဲကြီး(၂)ကြိမ် ဖြေဆိုရမည်ဖြစ်ပါသည်။ အဆောက်အဦနည်းပညာ ဘာသာရပ်၏ စာသင်ကြားမှုစနစ်မှာ လက်တွေ့(၆၀%) နှင့် စာတွေ့ (၄၀%) ဖြစ်ပါသည်။ စာသင်နှစ်တစ်နှစ်အပြီးတွင် ပထမနှစ် ကျောင်းသား/သူများမှာ လက်တွေ့ကွင်းဆင်းလေ့လာမှု များကို (၁)လ ပြုလုပ်ရမည်ဖြစ်ပြီး ဒုတိယနှစ် ကျောင်းသား/သူများမှာ လုပ်ငန်းခွင်သွားရောက် လေ့လာမှုများကို (၂)လပြုလုပ်ရမည်ဖြစ်ပါသည်။
ပထမနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ
- မြန်မာစာ
- အင်္ဂလိပ်စာ
- သင်္ချာ
- ရူပဗေဒ
- ဓာတုဗေဒ
- GTE 101-အခြေခံနည်းပညာပုံဆွဲ
- GTE 102-အခြေခံနည်းပညာ
- GTE 103-အခြေခံကွန်ပျူတာသိပ္ပံ
ဒုတိယနှစ်တွင်သင်ကြားပေးလျှက်ရှိသောဘာသာရပ်များ-
- မြန်မာစာ
- အင်္ဂလိပ်စာ
- သင်္ချာ
- ရူပဗေဒ
- ဓာတုဗေဒ
- Surveying
- Drawing
- Building Materials and Construction
တတိယနှစ်တွင်သင်ကြားပေးလျက်ရှိသောဘာသာရပ်များ-
- မြန်မာစာ
- အင်္ဂလိပ်စာ
- သင်္ချာ
- ရူပဗေဒ
- ဓာတုဗေဒ
- Surveying
- Drawing
- Building Materials and Construction
အဆောက်အဦနည်းပညာဌာနမှ ဆရာ/ဆရာမများ
ဒေါ်ခင်နုဆွေ (ဌာနမူး)
M.E (Civil)
ကထိက
ဒေါ်အေးငြိမ်းခိုင်
B.E(Civil)
လက်ထောက်ကထိက
ဒေါ်ငြိမ်းအေးအိမ်
B.E (Civil),Q
လက်ထောက်ကထိက
ဒေါ်ရည်ရည်မွန်
B.E(Civil)
လက်ထောက်ကထိက
ဒေါ်ဇင်မာမြင့်
B.E(Civil),Q
နည်းပြ
ဒေါ်ယွန်းပြည့်မိုး
B.E (Civil),Q
နည်းပြ
ဒေါ်ချစ်မျက်ခြယ်ဖြိုး
A.G.T.I (Civil)
စက်မှုကျွမ်းကျင် (၁)
ဦးသန့်စင်ထက်
G.T.H.S(BT)
စက်မှုကျွမ်းကျင်(၅)
ကျောင်းသူ/ကျောင်းသားများ၏ လက်တွေ့လုပ်ဆောင်နေမှု မှတ်တမ်းဓာတ်ပုံများ