
မော်တော်ယာဉ်နည်းပညာဌာန
မော်တော်ယာဉ်နည်းပညာဘာသာရပ်၏ အဓိကရည်ရွယ်ချက်ကတော့ မော်တော်ယာဉ်နှင့် သက်ဆိုင်သော စက်ပစ္စည်းအစိတ်အပိုင်းများ၏ တည်ဆောက်ပုံ၊အလုပ်လုပ်ပုံနှင့် ပြုပြင်ထိန်းသိမ်း ခြင်းတို့ကို တတ်ကျွမ်း နားလည်ပြီး လက်တွေ့အသုံးချတတ်ရန်နှင့် Hand Tools များ Measuring Toolsများကို စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်ရန် ဖြစ်သည်။
GTHS(AMT) Diploma အောင်လက်မှတ်ရရှိဖို့အတွက် (၃)နှစ် ပညာသင်ကြားရမည်ဖြစ်ပြီး စာသင်နှစ်တစ်နှစ်ကို စာမေးပွဲကြီး(၂)ကြိမ် ဖြေဆိုရမည်ဖြစ်ပါသည်။ မော်တော်ယာဉ်နည်းပညာ ဘာသာရပ်၏ စာသင်ကြားမှုစနစ်မှာ လက်တွေ့(၆၀%)နှင့် စာတွေ့(၄၀%) ဖြစ်ပါသည်။ စာသင်နှစ် တစ်နှစ်အပြီးတွင် ပထမနှစ် ကျောင်းသား/သူများမှာ လက်တွေ့ကွင်းဆင်းလေ့လာမှုများကို (၁)လ ပြုလုပ်ရမည်ဖြစ်ပြီး ဒုတိယနှစ် ကျောင်းသား/သူများမှာ လုပ်ငန်းခွင်သွားရောက်လေ့လာမှုများကို (၂)လပြုလုပ်ရမည်ဖြစ်ပါသည်။
ပထမနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ
- မြန်မာစာ
- အင်္ဂလိပ်စာ
- သင်္ချာ
- ရူပဗေဒ
- ဓာတုဗေဒ
- GTE 101-အခြေခံနည်းပညာပုံဆွဲ
- GTE 102-အခြေခံနည်းပညာ
- GTE 103-အခြေခံကွန်ပျူတာသိပ္ပံ
ဒုတိယနှစ်တွင်သင်ကြားပေးလျှက်ရှိသောဘာသာရပ်များ-
- မြန်မာစာ
- အင်္ဂလိပ်စာ
- သင်္ချာ
- ရူပဗေဒ
- ဓာတုဗေဒ
- AT-201 Fundamental of Internal Combustion Engine
- AT-202 Chassis and Drivetrain(Basic)
တတိယနှစ်တွင်သင်ကြားပေးလျက်ရှိသောဘာသာရပ်များ-
- မြန်မာစာ
- အင်္ဂလိပ်စာ
- သင်္ချာ
- ရူပဗေဒ
- ဓာတုဗေဒ
မော်တော်ယာဉ်နည်းပညာဌာနမှ ဆရာ/ဆရာမများ

ဦးရဲတင့်ဆွေ
B.E (Mech)
တွဲဖက်ပါမောက္ခ

ဒေါ်နီလာဆွေ
B.E (Mech)
လက်ထောက်ကထိက

ဒေါ်ခင်မျိုးမော်
E.G.T.I(MP)
လက်ထောက်ကထိက

ဒေါ်သန္တာဌေး
A.G.T.I(MP)
လက်ထောက်ကထိက

ဒေါ်သင်းသင်းလဲ့
A.G.T.I(MP)
စက်မှုကျွမ်းကျင် (၁)

ဦးကျော်ဝင်းထွဋ်
B.E (MP)
နည်းပြ

ဦးချမ်းမြေ့နိုင်
G.T.H.S(AMT)
စက်မှုကျွမ်းကျင်(၃)
ကျောင်းသူ/ကျောင်းသားများ၏ လက်တွေ့လုပ်ဆောင်နေမှုမှတ်တမ်းဓာတ်ပုံများ



