ကျောင်း၏နောက်ခံသမိုင်းအကြောင်း
အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး) ကို၂၀၀၉ ခုနှစ်၊ မေလ၊(၅)ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။ အစိုးရနည်းပညာအထက်ကျောင်းမကွေးတွင်မေဂျာကြီး၆ခုဖြင့်သင်ကြားပေးလျှက်ရှိပါသည်။သင်ကြားပေးလျှက်ရှိသောမေဂျာများမှာ အဆောက်အဦနည်းပညာဌာန၊အီလက်ထရောနစ်နည်းပညာဌာန၊လျှပ်စစ် နည်းပညာဌာန၊ မော်တော်ယာဥ်ပြုပြင်ထိန်းသိမ်းခြင်းနည်းပညာဌာန၊သုတနည်းပညာဌာန၊စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာဌာန တို့ဖြစ်ပါသည်။
မျှော်မှန်းချက်
- ၂၀၂၄ ခုနှစ်တွင် COE (Center of Essential ) ကျောင်းတစ်ကျောင်းဖြစ်လာစေရန်။
- ကျောင်းသား၊ မိဘ၊လုပ်ငန်းရှင်တို့မှ ယုံကြည်အားထားရသည့် ကျောင်းတစ်ကျောင်းဖြစ်လာစေရန်။
- ကျောင်းမှ မွေးထုတ်ပေးလိုက်သည့် ကျောင်းဆင်းလူငယ်လူရွယ်များသည် အရည်အချင်းပြည့်ဝသော ကျောင်းသား၊ကျွမ်းကျင်သူများ ထွက်ပေါ်လာစေရန်။
ရည်ရွယ်ချက်
- လူငယ်၊လူရွယ်များအတွက် အခြေခံပညာအထက်တန်းအဆင့်မှာပင် နည်းပညာဘာသာရပ်များ လေ့လာသင်ကြားခွင့်ရရှိစေရန်
- လူငယ်လူရွယ်များအလုပ်အကိုင်ရရှိမူနှင့် တစ်ဦးချင်းဝင်ငွေ တိုးတက်မှုတို့အတွက် နည်းပညာနှင့်သက်မွေးပညာကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန်
- ဒေသအတွက်လိုအပ်သေ သက်မွေးဝမ်းကျောင်းပညာများကို ပုံမှန်သင်တန်း ကာလတိုသင်တန်းများ စဉ်ဆက်မပြတ်ချဲ့ဖွင့်လှစ်ပြီး အရည်အချင်းပြည့်ဝသည့် ကျောင်းသားများ ကျွမ်းကျင်သူများမွေးထုတ်ပေးရန်။
စဉ် | အမည် | ပညာအရည်အချင်း | တာဝန်ထမ်းဆောင်ခဲ့သည့်ကာလ |
---|---|---|---|
၁ | ဦးထွန်းထွန်း | B.E(PT) | ၂၀၀၉-၂၀၁၅ |
၂ | ဦးသက်နိုင် | M.E(EC) | ၂၀၁၅-၂၀၁၈ |
၃ | ဦးခင်မောင်ညွှန့် | M.E(Chem),Russia | ၂၀၁၈-ယနေ့အထိ |